တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ

တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်ကို ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေပုဒ်မ ၃၀၅ နှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရား စီရင်ရေးဥပ‌ဒေပုဒ်မ ၃၄ တို့အရ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် (၁) ဦး၊ တရားလွှတ်တော်တရားသူကြီး (၂) ဦး၊ စုစုပေါင်း (၃) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်တရားရုံး (၁၀) ရုံး၊ မြို့နယ်တရားရုံး (၃၇) ရုံး ဖွဲ့စည်းထားပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် (က)အဆင့်ခရိုင်တရားရုံးမရှိပါ။ (ခ)အဆင့်ခရိုင် တရားရုံးများမှာ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူနှင့် ယင်းမာပင်ခရိုင်တို့ ဖြစ်ပါသည်။ (ဂ)အဆင့်ခရိုင်တရားရုံး(၂)ရုံးရှိပြီး ကသာခရိုင်နှင့် ကလေးခရိုင်တို့ဖြစ်ပါသည်။ (ဃ)အဆင့် ခရိုင်တရားရုံးများမှာ တမူး၊ မော်လိုက်နှင့် ခန္တီးခရိုင်တို့ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် မုံရွာမြို့နယ်နှင့် လဟယ်မြို့နယ်တို့မှာ (က)အဆင့် သတ်မှတ်ပြီး စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့နယ်တို့အား (ခ)အဆင့် သတ်မှတ်ပါသည်။ (ဂ)အဆင့် တရားရုံးများမှာ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ရေဦး၊ ခင်ဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ကသာနှင့် ကောလင်းတို့ဖြစ်ပါသည်။ (ဃ)အဆင့်မြို့နယ်တရားရုံးများမှာ မြောင်၊ ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ တန့်ဆည်၊ ကျွန်းလှ၊ ဝန်းသို၊ ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကလေးဝ၊ မင်းကင်း၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ တမူး၊ လေရှီးနှင့် နန်းယွန်းမြို့တို့ဖြစ်ပါသည်။

နှစ်စဉ် အစီအရင်ခံစာ