သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Post Image

မုံရွာ ဇူလိုင် ၃၀

              ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၁၄-၇-၂၀၂၆ ရက်နေ့မှ ၁၅-၇-၂၀၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ၃၀-၇-၂၀၂၆ ရက်နေ့      နံနက် (၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်          စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

                   စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်  နှင့်  တိုင်း   ဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်  ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ/ ခရိုင်တရားသူကြီးများ    ၏ (၃၁) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

                ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအတိုင်းဆောင်ရွက်ကြရန်နှင့် ယခုနှစ် (၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့တိုင်းအနေဖြင့်မဟာဗျူဟာစီမံကိန်းအရ အမှုပြီးပြတ်မှုနှုန်းတွင် လျာထားချက်ပြည့်မှီအောင်မြင်မှု          ရှိကြောင်း၊ တစ်နှစ်အထက် အချုပ်တရားခံပါရှိသော အမှုများလည်း မရှိတော့ကြောင်း၊ နောင်လာမည့်နှစ်တွင်လည်း   လျာထားချက်  ပြည့်မှီအောင်မြင်အောင် ဆက်လက်ကြိုးပမ်း‌ဆောင်ရွက်ကြရန်နှင့် လုပ်ထုံးလုပ်နည်းများ    လွဲမှားမှု  မရှိစေရန်၊ နည်းပညာပိုင်းတွင်နောက်ကျမကျန်ခဲ့စေရန်အတွက် လေ့လာအားထုတ်ကြရန်လိုအပ်ကြောင်း ထပ်    ဆင့်  ရှင်းလင်းပြောကြားခဲ့ပါသည်။

                 ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဦးဟန်သိန်း၊            ဒေါ်မိမိစိန်နှင့် ဦးခင်မောင်မြင့်တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီး လမ်းညွှန်မှာကြားခဲ့ပါသည်။

                ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သဇင်စိုးက အဆိုပါ လုပ်ငန်းညှိနှိုင်းစည်းအဝေး    တွင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်   များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

                ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်က စေ့စပ်ညှိနှိုင်းရေးနှင့်ပတ်သက်၍ ရိုက်ကူးထုတ်လုပ်ရန် ရည်ရွယ်ထားသော    ‘စိုသောလက်’    အမည်ပါ video မှတ်တမ်း clip အား ပြသခဲ့ပြီး စစ်ကိုင်းတိုင်း         ဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

                အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး     တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် တရားရေးအရာရှိများ(၁၁)ဦး နှင့်ဗီဒီယို    ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သော တရားရေးအရာရှိ (၅၅)ဦး၊ စုစုပေါင်း (၆၆)ဦး တက်ရောက်ခဲ့ကြပါသည်။  

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ