ဩဂုတ် လ ၁ ရက်
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၀၉:၃၀ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး တရားလွှတ်တော်၊ မုံရွာခရိုင်တရားရုံး၊ မုံရွာမြို့နယ်တရားရုံးတို့ရှိ အရာထမ်း၊ အမှုထမ်းများက တက်ရောက်ကြည်ညိုကြသည်။

ထို့နောက် အခမ်းအနား အစီအစဉ်အရ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တက်ရောက်လာသူ ဧည့်ပရိသတ်အပေါင်းတို့က မြို့မရွှေဂူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ)ထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့မှ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

