မုံရွာမြို့၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ် လ ၁၃ ရက်
(၁၃-၈-၂၀၂၆) ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရုံးဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဌ၊လွှတ်တော်ရေးရာကော်မတီဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ရုံး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ လွှတ်တော်ဥက္ကဌ ဦးတင်လှိုင်မြင့်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး (စေ့စပ်ဖြေရှင်းရေးအရာရှိ) ဦးအောင်သိန်းဦးမှ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ power point နှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်က ရိုက်ကူးထားသည့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အသိပညာပေး "စိုသောလက်"အမည်ရှိ Video clip အားပြသခဲ့ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များမှ စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းကြရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်သဇင်စိုးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ လွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး (၁၅;၂၀)အချိန်တွင် အခမ်းအနားအားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။



