သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အား တွေ့ဆုံနှုတ်ဆက်ခြင်း အခမ်းအနားကျင်းပ
Post Image

မုံရွာမြို့၊ ၂ဝ၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်

(၁၈-၈-၂ဝ၂၆)ရက်နေ့ (၁၄:ဝဝ)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့အား တွေ့ဆုံနှုတ်ဆက်သည့် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူးက တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် (၂ဝ၂၁)ခုနှစ်မှ (၂ဝ၂၆)ခုနှစ်အထိ (၅)နှစ်တာကာလအတွင်း ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများကို နယ်မြေဒေသအလိုက် အခက်အခဲများစွာရှိသည့်တိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေပါ ရည်ရွယ်ချက်အခြေခံမူများနှင့်အညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း နှုတ်ဆက် အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥက္ကဋ္ဌ ဦးချစ်ကိုကိုမှလည်း ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့ပြီး အဖွဲ့ဝင် ဦးခင်မောင်စန်းမှ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ (၂ဝ၂၁)ခုနှစ် ဒီဇင်ဘာလမှ (၂ဝ၂၆)ခုနှစ် ဇူလိုင်လအထိ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီးနောက် အဖွဲ့ဝင် ဒေါ်လှိုင်မိုးမြတ် ( ညွှန်ကြားရေးမှူး ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ) မှ ကျေးဇူးတင် နှုတ်ဆက်စကား ပြောကြားခဲ့ပြီး (၁၄:၄၅)အချိန်တွင် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီး ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ အရာထမ်းများ စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ