မုံရွာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်နှင့် တာဝန်ယူမှုသင်တန်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဒိန်းမတ် မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးအစီအစဉ်မှ ကူညီဆောင်ရွက်ပေးမှုဖြင့် Zoom Application အသုံးပြု၍ ယနေ့ (၀၉:၀၀) နာရီမှ (၁၅:၃၀) နာရီအထိကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဖြိုးဖြိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးဇော်ထူးမှ သင်ကြားပို့ချခဲ့မှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်း၌ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ ရွှေဘိုခရိုင်နှင့် ရွှေဘိုမြို့နယ်၊ ကန့်ဘလူခရိုင်နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ တရားရေးအရာထမ်း စုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ပါသည်။