ဇန်နဝါရီ ၁၄
(၁၄.၁.၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ တရားရုံးများ ရုံးထိုင်စစ်ဆေးရေးကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးမောင်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်ချယ်ရီကြည်နှင့် ဦးဖြိုးဖြိုးတို့မှ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် ရှေ့နေကြီးများမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်လည်ဆွေးနွေး ပြောကြားခဲ့ပါသည်။


အစည်းအဝေးကို ၁၁း၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။