သတင်းများ

မုံရွာခရိုင်တရားရုံး၌ တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှု ဆင့်ပွား သင်တန်း ဖွင့်လှစ်
Post Image

မုံရွာ၊ ဇွန် ၁၀

ပြည်သူလူထု၏ ယုံကြည်စိတ်ချမှု ရရှိစေရန်၊ တရားမျှတမှုကို လက်လှမ်းမီစေရန်နှင့် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် "တရားရုံးအသုံးပြုသူများအတွက် ဝန်ဆောင်မှု ဆင့်ပွားသင်တန်း" ကို ဇွန်လ ၁၀ ရက်နေ့က မုံရွာခရိုင်တရားရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားလွှတ်တော်တရားသူကြီး ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူးဒေါ်သဇင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဆင့်ပွားသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ဒုတိယညွှန်ကြားရေးမှူးဦးပုညနှင့် ဝန်းသိုမြို့နယ်တရားသူကြီး ဦးမျိုးသူရထွန်းတို့က ဆောင်ရွက်ခဲ့ကြပြီး၊ တရားရုံးများသို့ လာရောက်ကြ သည့် ပြည်သူများနှင့် တရားရုံးအသုံးပြုသူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေး၊ ပြည်သူ့ ဆက်ဆံရေး ကောင်းမွန်စေရေးနှင့်စပ်လျဉ်းသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ပို့ချဆွေးနွေးခဲ့ကြသည်။

သင်တန်းသို့ မုံရွာခရိုင်အတွင်းရှိ တရားရုံးအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ