သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်နေသည့် ကျောင်းသား/သူများအား ဗလာစာအုပ်နှင့် အလှူငွေ များ ထောက်ပံ့ပေးအပ်
Post Image

မုံရွာ၊ ဇွန်   ၉

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူ များအား စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ ဗလာစာအုပ်နှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးဇော်ထူးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာသင်နှစ်အလိုက် သင်ခန်းစာများကို ကြိုးစားအားထုတ်သင်ယူကြရန်နှင့် နိုင်ငံ့သားကောင်း၊ သမီး ကောင်းများဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး၊ ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ရ ခြင်းမှာ ဝန်ထမ်းမိသားစုများ၏ ပညာရေးအသုံးစရိတ် ဝန်ထုပ်ဝန်ပိုးကို တစ်ဖက်တစ်လမ်းမှ သက်သာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များနှင့် ထောက်ပံ့အလှူငွေများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တရား လွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရုံးအရာရှိကြီးများနှင့် ဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ