သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် သတင်းမီဒီယာဆက်ဆံရေးဆင့်ပွား သင်တန်း (၁/၂၀၂၆)ဖွင့်လှစ်
Post Image

မုံရွာ၊ မေ ၁၃ 

          စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၌ သတင်းပြန်ကြားရေးလုပ်ငန်းများ ပိုမို ထိရောက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ “ သတင်းမီဒီယာ ဆက်ဆံရေးဆင့်ပွား သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီတွင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးက အဖွင့်အမှာစကားပြောကြားသည်။

          အဆိုပါသင်တန်းသို့ တရားရေးအရာရှိ(၂၉)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြများအဖြစ် ဒုတိယညွှန်ကြားရေးမှူး ဦးပုည၊ ရေဦးခရိုင်တရားသူကြီး ဦးဇော်ဝင်းထူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဂျက်ဖရီတင်တို့က ဆောင်ရွက်ကြသည်။

          သင်တန်းတွင် သတင်းနှင့် မီဒီယာအကြောင်း၊ သတင်းပြန်ကြားရေးအရာရှိ (Court Information Officer)၏ တာဝန်များနှင့် သတင်းရယူရာတွင် လိုက်နာရမည့်အချက်များကို စာတွေ့ပို့ချသည့်အပြင် သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ TV Interview၊ Press Conference  ဗွီဒီယိုသင်ခန်းစာများ(Video Lessons)နှင့် လက်တွေ့လေ့ကျင့်ခန်း(Practical Exercise)များကိုပါ ထည့်သွင်းဆွေးနွေးပို့ချခဲ့သည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ