သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၁၃-၂-၂၀၂၅ ရက်နေ့မှ ၁၄-၂-၂၀၂၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ၂၂-၂-၂၀၂၅ ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်က တရားရုံးများသည် အချုပ်တရားခံပါ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မူးယစ်ဆေးဝါး/ လောင်းကစား/ အကြမ်းဖက် Online လိမ်လည်မှုများအား ပြစ်မှုထင်ရှားပါက ထိရောက်ပြစ်ဒဏ်ပေးရန်၊ တရားသူကြီးများသည် AI ဉာဏ်ရည်တုနည်းပညာနှင့် English စာ တိုးတက်အောင် ကြိုးပမ်းလေ့လာကြရန်၊ ၂၀၂၅ ခုနှစ် မဟာဗျူဟာစီမံကိန်းအောင်မြင်အောင်ဆောင်ရွက်ရန်၊  ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှားယွင်းမှုများ၊ အားနည်းချက်မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း လိုက်နာ စောင့်ထိန်းကြရန်နှင့် ပေးအပ်သည့် တာဝန်ဝတ္တရားများကို တာဝန်ရှိရှိ၊ သစ္စာရှိရှိ၊ နိုင်ငံ့အကျိုး၊ ဌာနအကျိုးကို ကျေပွန်စွာ၊ ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်သွားကြရန် ဖြစ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း၊ ဦးဟန်သိန်းနှင့် ဒေါ်မိမိစိန်တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီး လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး      ဦးစီးမှူး နှင့် တရားရေးအရာရှိများ (၁၉) ဦးနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သော တရားရေးအရာရှိ (၄၃)ဦး၊ စုစုပေါင်း (၆၂)ဦး တက်ရောက်ခဲ့ကြပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ