မုံရွာ ဩဂုတ်လ ၂၇ ရက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၁၉.၈.၂၀၂၄ ရက်နေ့မှ ၂၀.၈.၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ၂၇.၈.၂၀၂၄ ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်ထောင်စု တရားသူကြီးချုပ်က တရားရုံးများသည် အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းစီမံခန့်ခွဲသည့် အမိန့်အပေါ် တက်ရောက်သည့် အမှုများကိုလည်း အထက်တရားရုံးများက ဦးစားပေး ကြားနာဆုံးဖြတ်ပေးရန်လိုကြောင်း၊ တရားသူကြီးများအတွက် တရားစီရင်ရေးနှင့် ပညာရပ် ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှားယွင်းမှုများ၊ အားနည်းချက်မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်းများ လိုက်နာ စောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း လိုက်နာစောင့်ထိန်းကြရန်နှင့် ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ၊ ဖြောင့်မတ် မှန်ကန်စွာ ထမ်းဆောင် သွားကြန်ရန်ဖြစ်ကြောင်းဖြင့် ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း၊ ဦးဟန်သိန်း နှင့် ဒေါ်မိမိစိန် တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးလမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး က ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် တရားရေး အရာရှိများ ( ၄၀ ) ဦးနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သော တရားရေးအရာရှိ ( ၂၅ ) ဦး၊ စုစုပေါင်း ( ၆၅ ) ဦး တက်ရောက်ခဲ့ကြပါသည်။