သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image

မုံရွာ ဇန်နဝါရီ လ ၂၃ ရက်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ၁၆.၁.၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို  ၂၃.၁.၂၀၂၄ ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က  ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်ထောင်စုတရားသူကြီးချုပ်က တရားရုံးများသည် တရားစီရင်ရေးဖြောင့်မတ်မှန်ကန်ရေး၊ တရားရေးမဏ္ဍိုင်တည့်မတ်ခိုင်မာရေးအတွက် အဓိကတာဝန်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန်စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးစသည့် အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ 

          ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း နှင့် ဦးဟန်သိန်းတို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို အသီးသီးလမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦး က စီမံရေးရာကိစ္စများ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများက တင်ပြရန်ရှိသည်များကို အသီးသီးတင်ပြခဲ့ကြပါသည်။ တင်ပြချက်များအပေါ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်  တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့မှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် တရားရေး အရာရှိများ (၃၈) ဦးနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သော တရားရေးအရာရှိ (၃၇) ဦး၊ စုစုပေါင်း  (၇၅) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ