မုံရွာ ဒီဇင်ဘာ လ ၂၇ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တရားရုံး ဝန်ထမ်းများအား ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာနည်းပညာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို (၁၄-၁၂-၂၀၂၃) ရက်နေ့မှ (၂၂-၁၂-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၇-၁၂-၂၀၂၃ ရက်နေ့၊ နံနက် (၁း၀၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။



ဆက်လက်ပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု ရရှိသည့် သင်တန်းသား/ သင်တန်းသူများအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှုူးတို့မှ ဆုများချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ သင်တန်း ဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

