သတင်းများ

Face Mask ၁၀၀၀၀ နှင့် Infrared Forehead Thermometer (၃) ခု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Post Image Post Image

မုံရွာ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအတွက် Covid-19 ကာကွယ်ရေး၌ အသုံးပြုရန်အတွက် Face Mask ၁၀၀၀၀ နှင့် Infrared Forehead Thermometer (၃) ခု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ၂၉-၁-၂၀၂၁ ရက်နေ့ မွန်းလွဲ (၁:၃ဝ)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးမောင်၊ တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ချယ်ရီကြည် နှင့် ဦးဖြိုးဖြိုး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဇော်ထူး၊ တရားရေးအရာရှိများ နှင့် တရားရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

Face Mask ၁၀၀၀၀ နှင့် Infrared Forehead Thermometer (၃) ခုကို တမူးမြို့နယ်တရားသူကြီး ဦးဇော်ဇော်ထက်မှ ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

​​

 

​​

 

​​

 

​​

 

​​

 

​​

​​

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ