မုံရွာ သြဂုတ် ၉ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈း၃၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက်မှ သံဃာတော် (၅) ပါးတို့အား ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။




အခမ်းအနားသို့ တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားလွှတ်တော်မှ တရားရေးအရာရှိများ နှင့် ဝန်ထမ်းများ၊ မုံရွာခရိုင်နှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
