သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် စာရေးဝန်ထမ်း အရည်အသွေးမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Post Image

မုံရွာ ဇွန် လ ၁၉ ရက်

စာရေးဝန်ထမ်းအရည်အသွေးမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့ နံနက် (၉) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ သင်တန်းသား/သင်တန်းသူ (၁၂)ဦး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တရားရုံးမှ သင်တန်းသား/သင်တန်းသူ (၅) ဦး၊ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၁၇) ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းကို (၁၉-၆-၂၀၂၃) ရက်နေ့မှ (၂၅-၆-၂၀၂၃) ရက်နေ့အထိ ရက်သတ္တပတ် (၁) ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ