မုံရွာမြို့၊ မတ်လ ၂၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများအား အမှုများကို မြန်မြန်ပြီးပြတ်စေရန်၊ အမှုသည်များ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်၊ အငြင်းပွားမှုကို အချိန်တိုအတွင်း ကုန်ကျစားရိတ်သက်သာစွာ ဖြေရှင်းနိုင်စေရန်၊ ပြည်သူတို့ စိတ်ကျေနပ်မှုမြင့်မားလာစေနိုင်ရန်၊ တရားစီရင်ရေးအပေါ် ပြည်သူတို့ယုံကြည်အားကိုးမှုတိုးမြှင့်လာစေနိုင်ရန်၊ တရားမမှုခင်းလက်ကျန် လျော့နည်းကျဆင်းစေရန်နှင့် လုပ်ငန်းကျွမ်းကျင်စေရန် ရည်ရွယ်လျက် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး လုပ်ငန်းကျွမ်းကျင်မှု ဆင့်ပွားသင်တန်း အခမ်းအနားကို (၂၁.၃.၂၀၂၃) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ တရားရေးအရာရှိများ၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိ(၈၁)ဦးနှင့် ရုံးဝန်ထမ်း(၁၂၃)ဦး သင်တန်းတက်ရောက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သင်တန်းကို နံနက်(၁၁:၁၅)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။