မုံရွာ မတ်လ ၆ ရက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၂၃.၂.၂၀၂၃ မှ ၂၅.၂.၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို (၆.၃.၂၀၂၃) ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်ထောင်စုတရားသူကြီးချုပ်က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မျှတမှန်ကန်စွာအမြန်စစ်ဆေး ပြီးပြတ်စေရေး၊ လက်အောက်တရားရုံးများကို စိစစ်ကြပ်မတ်ပြီး မှားယွင်းချွတ်ချော်မှုများ ပြင်ဆင်တည့်မတ်ပေးရေး၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့်အမှုများ ကြန့်ကြာမှုမရှိ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်နှင့် မကြာမီက ရေးဆွဲထုတ်ပြန်လိုက်တဲ့ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) မှာလည်း ထိရောက်တဲ့ မှုခင်းစီမံခန့်ခွဲမှုလုပ်ငန်းများ ပါရှိပြီးဖြစ်လို့ တရားရုံးများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန်၊ ၂၀၂၃ ခုနှစ် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပထမနှစ်လုပ်ငန်း အစီအစဉ်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်စေရေး၊ စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ အကောင်အထည်ဖော်ဆောင်ရွက်နေသော တရားရုံးများက အမှုများ စေ့စေပ်ဖြေရှင်းရေး ပိုမိုလွှဲအပ်နိုင်ဖို့နှင့် နှစ်ဖက်အမှုအသည်များ လာရောက်နိုင်စေဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း၊ e-Mail များကို အသုံးပြုပြီး ရုံးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ချက်ချင်း စီမံခန့်ခွဲဆောင်ရွက်ရန်၊ သတင်းကြော်ငြာထည့်သွင်းခြင်းနှင့်ပတ်သက်၍ မှားယွင်းမှုမရှိစေရေး ဆောင်ရွက်ရန်၊ Video Conferencing စနစ်အသုံးပြု၍ အမှုများ စစ်ဆေးသွားရန်စသည့် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ မိမိတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမှုနေထိုင် ရေး၊ လုပ်ငန်းတာဝန်ကျေပွန်မှုရှိရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည်ကိုင်ရည်ဆိုင်ရာ အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ စိတ်ဓာတ်မြင့်မားရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်လမ်းညွှန် ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများက မိမိလုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်ရှိပြီး တစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ တရားရုံး၏ ဂုဏ်သိက္ခာ၊ တရားရေးအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်း သွားနိုင်မှာ ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ စောင့်ထိန်းရမည့် စာရွက်၊ စာတမ်း၊ လုံခြုံရေးကျိုးပေါက်မှုများ ဖြစ်ပွားမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ တာဝန်ကျေပွန်မှုသာမက ဌာနအတွင်း အထက်အောက် ရိုသေလေးစားမှု၊ စည်းလုံးညီညွတ်မှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း နှင့် ဦးဟန်သိန်းတို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီး လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က (၂၄) ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများက တင်ပြရန်ရှိသည်များကို အသီးသီးတင်ပြခဲ့ကြပါသည်။ တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။
_1678165501.jpg)