မုံရွာ ဒီဇင်ဘာ လ ၂၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တရားရုံး ဝန်ထမ်းများအား ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာနည်းပညာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို (၁၂-၁၂-၂၀၂၂) ရက်နေ့မှ (၁၇-၁၂-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၁-၁၂-၂၀၂၂ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု ရရှိသည့် သင်တန်းသား/ သင်တန်းသူများအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားလွှတ်တော်တရားသူကြီးများ မှ ဆုများချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး မှ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ကွန်ပျူတာနည်းပညာအခြေခံ သင်တန်းအမှတ်စဉ် (၂/၂၀၂၂) မှ သင်တန်း နည်းပြဆရာမအား တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ဂုဏ်ပြဆုချီး မြှင့်ခဲ့ပါ သည်။