မုံရွာ ဒီဇင်ဘာ လ ၈ ရက်
စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ (၁)နှစ်ပြည့် နှစ်ပတ်လည်နှင့် စုံညီတွေ့ဆုံပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် (၈-၁၂-၂၀၂၂) ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချစ်ကိုကို နှင့်အဖွဲ့ဝင်များ၊ မုံရွာမြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။