မုံရွာ ဒီဇင်ဘာ လ ၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ အတွက် Track Suit ဝတ်စုံများပေးအပ်ခြင်း အခမ်းအနားကို ၁-၁၂-၂၀၂၂ ရက်နေ့ နေ့လည် (၂:၃ဝ) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တရားသူကြီးချုပ် ဦးဇော်ထူး၊ တရားလွှတ်တော် တရားသူကြီးများဖြစ်ကြသော ဒေါ်စုစုဝင်း နှင့် ဦးဟန်သိန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင် နှင့် ရုံးအဖွဲ့မှူး ဦးဝင်းဦး တို့မှ ပေးအပ်ခဲ့ပါသည်။