မုံရွာ၊ အောက်တိုဘာ လ ၃၀ ရက်
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ တရားရေးမိသားစုများ၏ ပဉ္စမကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၁၃၈၄ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၇) ရက်၊ ၃၀-၁၀-၂၀၂၂ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၉:၃၀) နာရီ အချိန်တွင် မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်၊ မူလတောရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေအထောက်အကူပြုအဖွဲ့၊ တရားလွှတ်တော်ရှေ့နေများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။