သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ ၂၃ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
Post Image

မုံရွာ  သြဂုတ် လ ၂၄ ရက်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၁၈.၈.၂၀၂၂ မှ ၁၉.၈.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို (၂၄.၈.၂၀၂၂) ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်တာနက်လိုင်းရရှိသော ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏       (၂၃) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။  

ဆက်လက်ပြီး တရာလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်စုစုဝင်း နှင့် ဦးဟန်သိန်း တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင် က (၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများက တင်ပြရန်ရှိသည်များကို အသီးသီး တင်ပြခဲ့ကြပါသည်။ တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ