သတင်းများ

တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Post Image

မုံရွာ ဇူလိုင် ၂၈

          တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည် ဖော်ရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို  စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်ခန်းမ၌ ၂၈-၇-၂၀၂၂ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးဥပဒေအထောက်အကူပြုအဖွဲ့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တရားလွှတ်တော်ရှေ့နေများ၊  တိုင်းတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မုံရွာခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ ယင်းမာပင်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်တာနက်လိုင်းရရှိသော တရားရုံးများမှ တရားရေးအရာရှိများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က စေ့စပ်ဖြေရှင်းရေးဌာနနှင့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်များအား Powerpoint အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တရားရေးဦးစီးမှူးနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုနန္ဒာစိုး တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ