မုံရွာ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈း၃၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ နှင့် ဝန်ထမ်းများ၊ မုံရွာခရိုင်နှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ တက်ရောက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြပါသည်။


