သတင်းများ

ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းအတွက် တတိယအကြိမ် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပခြင်း
Post Image

မုံရွာ မေလ ၂၆ ရက်

          ကန့်ဘလူခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီတို့ လုပ်ငန်းအပ်နှံခြင်း ကတိစာချုပ် တတိယအကြိမ် စာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို (၂၆.၅.၂၀၂၂) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဟန်သိန်း၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဦးကျော်သောင်းအောင်၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးတရားရေးဦးစီးမှူးမှ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ရွှေပင်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးသိန်းထိုက်ဝင်းက လုပ်ငန်းပြီးစီးမှု အခြေအနေများကို Powerpoint ဖြင့် တင်ပြခဲ့ပါသည်။

          ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ရွှေပင်အောင်ဆောက်လုပ်ရေး ကုမ္ပဏီတို့ လုပ်ငန်းအပ်နှံခြင်း ကတိစာချုပ် တတိယအကြိမ် စာချုပ် ချုပ်ဆိုပြီး ကတိစာချုပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ