မုံရွာ မေလ ၂၅ ရက်
(၂၅.၅.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်၊ အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် ယင်းမာပင်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ တရားရေးအရာရှိများသည် စစ်ဆေးလျက်ရှိသောအမှုများ၊ သီးသန့်တရားရုံးအမှုများ၊ အချုပ်တရားခံပါ အမှုများအား အမြန်ဆုံးပြီးပြတ်စေရေးနှင့် လမ်းလုံခြုံရေးကောင်းမွန်ပါက မိမိတာဝန်ကျရာဒေသသို့ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေး ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ယင်းမာပင်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်ကြပါသည်။
အစည်းအဝေးကို မွန်းလွဲ (၁၅း၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။