စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများ၏ မြန်မာနှစ်သစ်ကူးအန္တရယ်ကင်းပရိတ်တရားနာယူပွဲ အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တန်းခူးလဆုတ် (၅) ရက်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့ ညနေ ၁၅း၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။