သတင်းများ

သင်္ကြန်ကာလဂါရဝပြုကန်တော့ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
Post Image

 စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ကို စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများက မြန်မာနှစ်သစ်ကူး အချိန်အခါ သမယ၌ ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ၁၃၈၃ ခုနှစ် ၊ တန်ခူးလဆန်း (၇) ရက် ၊ ၂၀၂၂ ခုနှစ် ၊ ဧပြီ လ (၇) ရက် ၊ နေ့လည် ၁:၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရား လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားရေးအရာရှိများ နှင့် ဝန်ထမ်းများ တစ်ဦးလျှင် ငွေကျပ် (၁၅၀၀ဝိ/) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၀၀၀၀ဝိ/) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့ပြင် ဝန်ထမ်းများအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံစမ်းမဲများဖောက်ပြီး  အမှတ်တရ ပေးအပ်ခဲ့ပါသည်။ 

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ