သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ ၂၀ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image

မုံရွာ  ဖေဖော်ဝါရီ ၂၆

                 ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ၁၇.၂.၂၀၂၁ မှ ၁၉.၂.၂၀၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို  (၂၆.၂.၂၀၂၁) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

​​

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး၊ တရားရေးအရာရှိများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် တရားသူကြီးများ Zoom Platform ဖြင့် တက်ရောက်ခဲ့ကြပါသည်။

                   ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

​​

​​

​​

                   ဆက်လက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ချယ်ရီကြည်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဇော်ထူးတို့က တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်ချက်များအားလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးနေစိုးက (၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။

                  ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ