သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ ၂၂ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image

မုံရွာ၊ မတ် ၄ 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၁၇.၂.၂၀၂၂ မှ ၁၉.၂.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြား ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို  (၄.၃.၂၀၂၂) ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိ များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်တရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ပါသည်။  

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်မှ ပြည်ထောင်စု တရားသူကြီးချုပ်က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မျှတမှန်ကန်စွာအမြန်စစ်ဆေး ပြီးပြတ်စေရေး၊ လက်အောက်တရားရုံးများကို စိစစ်ကြပ်မတ်ပြီး မှားယွင်းချွတ်ချော်မှုများ ပြင်ဆင်တည့်မတ်ပေးရေး၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့်အမှုများ ကြန့်ကြာမှုမရှိ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာ စောင့်သိကြရန်နှင့် ၂၀၂၂ ခုနှစ် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပဉ္စမနှစ်လုပ်ငန်း အစီအစဉ်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်စေရေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး(၁၀)ရုံး၊ မြို့နယ်တရားရုံး(၅၈)ရုံးတွင် အပြီးသတ်အကောင်အထည်ဖော် ဆောင်ရွက် ရန်၊တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအစီအစဉ်ကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အီလက်ထရောနစ် စာကြည့်တိုက်စနစ် တည်ဆောက်ရန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုတွဲများ၊ စာရွက်စာတမ်းများ Digitization ပြုလုပ်သိမ်းစည်းသည့် Database စနစ်ဆောင်ရွက်ရန်  စသည့် လမ်းညွှန်မှာကြား ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ မိမိတို့ စောင့်ထိန်း ရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမှုနေထိုင်ရေး၊ လုပ်ငန်းတာဝန်ကျေပွန်မှုရှိရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ လုပ်ရည်ကိုင်ရည် ဆိုင်ရာ အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ စိတ်ဓာတ်မြင့်မားရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်လမ်းညွှန် ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများက မိမိလုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်ရှိပြီး တစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ တရားရုံး၏ ဂုဏ်သိက္ခာ၊ တရားရေးအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်း သွားနိုင်မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာ စောင့်ထိန်းရမည့် စာရွက်၊ စာတမ်း၊ လုံခြုံရေးကျိုးပေါက်မှုများ ဖြစ်ပွားမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ တာဝန် ကျေပွန်မှုသာမက ဌာနအတွင်း အထက်အောက် ရိုသေလေးစားမှု၊ စည်းလုံးညီညွတ်မှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က (၂၂) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများက တင်ပြရန်ရှိသည်များကို အသီးသီးတင်ပြခဲ့ကြပါသည်။ တင်ပြချက်များအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်မှ ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ