မုံရွာ ဇွန် ၁၇
(၁၇.၆.၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုးချဲ့ CMP တရားရုံးများ အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးတရားရေးဦးစီးမှုးနှင့် Coordinator တို့မှ တိုးချဲ့ CMP တရားရုံးများမှ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများကို မေးမြန်းခြင်း၊ လိုအပ်ချက်များကို ဖြည့်စွက်ပြောကြားခြင်းနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ပါသည်။