စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးဟန်သိန်းသည် ၁၉၆၃ ခုနှစ်တွင် မွေးဖွားပြီး ရန်ကုန်တက္ကသိုလ်မှ စာပေးစာယူသင်တန်းဖြင့် ဥပဒေဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် ရရှိခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် တရားရေးဝန်ထမ်း အဆင့်(၄)တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
အဆင့်ဆင့်သောတရားစီရင်ရေးတာဝန်များကို (၃၃)နှစ်ကျော် ထမ်းဆောင်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။