စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးသည် ၁၉၆၄ ခုနှစ်တွင် မွေးဖွားပြီး ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၉၁ ခုနှစ်၌ တရားရေးအရာရှိ အဆင့်(၄) တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားရေးဦးစီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ တိုင်းဒေသကြီးတရားသူကြီးတာဝန်အထိ အဆင့်ဆင့်သော တရားစီရင်ရေးတာဝန်များကို နှစ်ပေါင်း (၃၀) နှစ်ကျော် ထမ်းဆောင်ခဲ့ပါသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။