တရားလွှတ်တော်

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်မိမိစိန်

          စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်မိမိစိန်သည် ၁၉၆၅ ခုနှစ်တွင် မွေးဖွားပြီး ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့်(၄)တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စာချွန်တော်ဌာန၊ အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတို့တွင် ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ အဆင့်ဆင့်သော တရားစီရင်ရေးတာဝန် များကို (၃၆)နှစ်ကျော် ထမ်းဆောင်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ တွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ